Sunday 5 May 2013

သင်သေသွားသော်

သင်သေသွားသော် 

သြော်.. လူ့ပြည်လောက လူ့ဘ၀ကား

အိုရနာရသေရဦးမည် မှန်ပေသည်တည်း။

သို့တပြီးကား.. သင်သေသွားသော်

သင်ဖွားသောမြေ၊ သင်တို့မြေသည်၊

အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း၊

ကြီးပွားတိုးမြင့် ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့်၊

သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း

ပြောင်းလျက်ဝင်းလျက် ကျန်စေသတည်း။

(ဇော်ဂျီ)

No comments:

Post a Comment