Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Tuesday, 16 July 2013

သင်ဘယ်နှစ်တန်းလဲ?

ဘ၀ဆိုတဲ့ကျောင်းတော်ကြီးမှာ..

မွေးဖွားရာပုခက်တွင်းကနေ..

သေဆုံးရာအုတ်ဂူမရောက်ခင်ထိ..

သင်ခန်းစာပေါင်းများစွာကို..

သင်ယူနေကြရ..

လောကကြီးကပို့ချတဲ့..

သင်ခန်းစာတွေကလည်း..

တစ်ခါတစ်လေလွယ်လိုက်..

တစ်ခါတစ်လေ..ခက်လိုက်..

တစ်ခါတစ်လေတော့လည်း..

မလွယ်မခက်လေးပေါ့..

ငါကလည်း..

တစ်ခါတစ်လေကျလိုက်..

တစ်ခါတစ်လေအောင်လိုက်..

တစ်ခါတစ်လေတော့လည်း..

ဂုဏ်ထူးလေးတောင်ထွက်လိုက်သေး..

ထုလေမာလေ..ငါးဖယ်တစ်ကောင်လိုစိတ်နဲ့..

ဘယ်သူသေသေငတေမာနေကြတဲ့လူတွေကြားထဲ..

ခွက်ထိုးခွက်လန်ရယ်မောတတ်ခဲ့တာကတော့..

ဘ၀ကပေးတဲ့..လက်ဆင်တွေကြောင့်ပေါ့..

ငါ့ရင်ထဲမှာ..ဘုရားရှိတယ်..

ငါ့စိတ်ထဲမှာတရားသိတယ်..

ဒါပေမယ့်...

ငါဆုမတောင်းတတ်ပါဘူး..

ဘာလို့လဲဆိုတော့..

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်လေ..

ငါတို့ဗုဒ္ဒက..

ဒုက္ခဆိုတဲ့စကားကို..

ပို့ချခဲ့မှာမဟုတ်ဘူး..

ဒါ့ကြောင့်..

လောကသင်ခန်းစာတွေကို..

ငါသင်ယူခဲ့တယ်..

ငါသင်ယူနေဆဲပါပဲ..

ခက်တာက..

ငါဘယ်တန်းမှန်း..

င့ါကိုယ်ငါမသိတာပဲ..

(ဆုဂျေ)

Sunday, 5 May 2013

သင်သေသွားသော်

သင်သေသွားသော် 

သြော်.. လူ့ပြည်လောက လူ့ဘ၀ကား

အိုရနာရသေရဦးမည် မှန်ပေသည်တည်း။

သို့တပြီးကား.. သင်သေသွားသော်

သင်ဖွားသောမြေ၊ သင်တို့မြေသည်၊

အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း၊

ကြီးပွားတိုးမြင့် ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့်၊

သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း

ပြောင်းလျက်ဝင်းလျက် ကျန်စေသတည်း။

(ဇော်ဂျီ)

တစ်ဘဝလုံးအတွက်

သင်၏အားနည်းချက်ကို

သင်ကျော်ဖြတ်နိုင်မှသာလျှင်

သင့်အားအောင်မြင်မှုတံခါးက ဆီးကြိုနေလိမ့်မည်။

သင်၏အားနည်းချက်သည်

သူတစ်ပါး အနိုင်ယူရန်မဟုတ်

သင်ကိုယ်တိုင် အနိုင်ယူရန်သာဖြစ်သည်။

စိတ်ဓါတ်ပျော့ညံ့သူနှင့် ပျင်းရိသူထံတွင် အောင်ပွဲမရှိ ။